Thursday, April 21, 2016

အမေရိကားကောလိပ်တွင် ကျောင်းတက်ခြင်း

အမေရိကန်ပြည်ထောင်စုပာာ  ပညာရေးမှာထိပ်တန်းနိုင်ငံဆိုတော့  အမေရိကန်ပြည်ထောင်စုမှာ ကောလိပ်တက်ရတာ ဘယ်လိုလဲဆိုတာ သိချင်နေကြမှာပဲနော်။ သိချင်ရင် ဒီဆောင်းပါးက ရေးသား ရှင်းပြထားပါတယ်။

အမေရိကားကောလိပ်တွင် ကျောင်းတက်ခြင်း

ကျောင်းတက်နည်းများ
ကောလိပ်တွင် 4 class ( 12 credits )ယူတာ နဲ့ full time ဖြစ်ပြီး partime လည်း တက်လို့ ရပါသည်။

စာသင်ချိန်
-      တစ်ပတ်ကို နှစ်ကြိမ်ပဲ တက်ရသည် တစ်ခန်းချင်ဆီကို။

အတန်းချိန်
-အတန်းချိန် မြောက်များစွာရှိထဲက ကိုယ်လိုချင်တဲ့  အတန်းအချိန်ကို ရွေးလို့ ရသည်။
( ဥပမာ မနက် အလုပ်လုပ်ရင် ညအခန်း တက် )

-      အတန်း အရွယ်အစား

၅၀ လောက် ပြည်သည့် အခန်းတွေရှိသည်။ သို့ သော် ၂၅ ယောက်လောက်သာ ရှိသည်။ Intro class များသည် အင်မတန်း လူပြည့်သည်။ ကိုယ့် မေဂျာဆိုအခန်းများဆိုရင် လူပိုနည်းသည်။

         Professors
-      Professor များသည် သဘောကောင်းကြသည်။ နားမလည်ရင် မေးရင် ဖြေတတ်ကြသည်။ Office Hour ခေါ် ကျောင်းသားနဲ့ ဆရာ နှစ်ယောက်သားတွေ့ ဖို့ အတွက် Professor များက သူတို့ အချိန်လုပ်ပေးထားကြသည်။

-Library

Library သည် အင်မတန် အရေးပါသည်။ စာကြည့်ရမှာ အင်မတန်များသည်။ တစ်ပတ်ကို အရွက် ( ၄၀ )ဖတ်ရသည်။ စာအင်မတန် များသည်။ တစ်နေရာမှာထိုင်ပြီး ဆက်တိုက် စာလုပ်နေဖို့ လိုသည်။ Paper တွေရေးရသည်။ Computer တွေ ကျောင်းသားတွေအတွက်ထားပေးထားသည်။ Research လုပ်ဖို့  wifi ပါတဲ့ computer တွေ အများကြီးရှိသည်။

တစ်ကိုယ်တော် စာကြည့်ဖို့  ကျွန်တော် တက်သည့် ကောလိပ်တွင် Reading Room နှစ်ခန်းရှိသည်။ ဒုတိယထပ် အခန်းသည် အင်မတန်ကြီးမားသည်။ သေးငယ်သော အခန်းသည် လေးထပ်တွင်ရှိသည်။ Study Carrels လို့ ခေါ်စာကြည့်စာပွဲများ Library တစ်ခုလုံးတွင် ပတ်ပတ်လည် ရှိသည်။

Research
စာအုပ်များသည် million နဲ့ ချီရှိပြီး Catalog နဲ့ ရှာရပြီး ကိုယ်လိုချင်တဲ့ စာအုပ်အကြောင်းကို code နာမည်ပေးသည်။ အဲ့ဒါက ဘယ်အထပ် ဘယ်စင်မှာရှိသည်ဆိုတာပြောသည်။ ကိုယ့်ပာာကိုယ် သွားရှာရသည်။ စာအုပ်တစ်အုပ်ရှာရတာ အင်မတန်ခက်ခဲသည်။ ကျွန်တော်ဆို code နံပါတ်တွေကြားမှာ ခေါင်းအရမ်းရှုပ်ပြီး မတွေ့ မှာ စိတ်ပူရသည်။
CUNY ( City University of New York )တွင် ကိုယ် တက်သည် ကောလိပ်တွင် ကိုယ်လိုချင်သည့် စာအုပ်မရှိဘူး ဒါပေမဲ့ တခြား CUNY လက်အောက်က ကောလိပ်တွင်ရှိလျှင် စာကြည့်တိုက်မှူးကနေ ငှားပေးသည်။

Major

Major ကို တစ်ခုမက ယူလို့ ရပါသည်။ နှစ်ခု ယူလဲရပါသည်။ ဥပမာ- English နဲ့ Business ဆိုပြီး တွဲယူလို့ ရပါသည်။

အလုပ်ရှာပေးခြင်း

ကောလိပ်တွင် အလုပ်ရှာပေးသည့် ရုံးရှိသည်။ အဆက်အသွယ်ကြီးမားပြီး အလုပ်ရှင်များနှင့် ကျောင်းသားများကို ချိတ်ဆက်ပေးသည်။ အလုပ်သင်ခေါ် internships များသည် ကောလိပ်ကျောင်းသားများအတွက် အင်မတန်အရေးကြီးမားသည်။ အလုပ်ရှင်များသည် အတွေ့ အကြုံရှိသောသူများကို ခန့် ချင်ပြီး Internships ကို လည်း ရှာပေးသည်။
ကျောင်းသားတစ်ချို့ သည် ကျောင်းပြီးတာနှင့် အလုပ်ရပြီးသား တစ်ခါတည်း ဖြစ်နေကြသည်။
သို့ သော် အလုပ်ရရင် ကိုယ့်ပာာကိုယ် ကြိုးစားရမည်။


ကျောင်းလခ
ကျောင်းလခသည် အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ နိုင်ငံသားတွေကို ဈေးနှုန်းပိုချိုသာပြီး
နိုင်ငံတကာကျောင်းသားများကို ဈေးနှုန်းပိုတောင်းတတ်သည်။  Private နှင့် Public ဆိုပြီးရှိပြီး
Private ဆိုရင် ဈေးပိုကြီးပြီး Public ကျောင်းများသည် ပြည်နယ်ကနေ အခွန်များဖြင့် ထောက်ပံ့ ပံ့ပိုး
ပေးထားခြင်းဖြစ်ပြီး ဈေးနှုန်းချိုသာသည်။

အမေရိကားက ကောလိပ်အကြောင်းများဖြစ်ပါတယ်။

အားလုံးရွှင့်လန်း ချမ်းမြေ့ပါစေ။
ကျော်ထွန်း

စာရေးသူသည် History နှင့် Political Science ကို Brooklyn  College,  City University of New Yorkတွင် သင်ယူနေသော ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။